• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကျင်းပပြီးစီး

(GMT+08:00) 2017-05-30 10:47:30

        မေလ ၂၉ ရက်နေ့က မြန်မာနိုင်ငံ ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို နေပြည်တော်၌ ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ်အစည်းအဝေးတွင် သဘောတူညီချက် ၃၇ ချက်ကို တိုင်ပင်ဆွေးနွေးပြီး၊ အစိုးရ ၊ တပ်မတော် ၊ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ မှ ကိုယ်စားလှယ်တို့သည်၊ ပိတ်ပွဲအခမ်းအနားတွင် အတူလက်မှတ် ရေးထိုးချုပ်ဆိုခဲ့ကြကြောင်း စီအာအိုင်သတင်းအရသိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ညီလာခံကြီးတွင် ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် သဘော တူညီချက် များသည် အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးအပေါ် လျှောက်လှမ်းလိုက်သည့် အရေးကြီးသော ခြေလှမ်းကြီး ဖြစ်ကြောင်း၊ သဘောကွဲလွဲမှုများ၊ ရှုမြင်ကွာခြားမှုများရှိခဲ့သော်လည်း တူညီသည့် သဘောထားအမြင်များဖြစ်လာဖို့ ဆွေးနွေးနိုင်ခဲ့ခြင်းမှာ အလွန်အားတက်ဖွယ်ကောင်း ကြောင်း၊ တိုင်ပင်ဆွေးနွေးခြင်းမှတစ်ဆင့် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံအုတ်မြစ် တည်ဆောက်ရေး လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio