• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဂျပန် စတုတ္ထအကြိမ်မြောက် အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-05-30 10:45:03

      ဂျပန်နိုင်ငံလုံခြုံရေးနှင့်အာမခံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ၊ တရုတ်နိုင်ငံ တော်ကောင်စီဝင် ယန်ကျယ်ချီသည်၊ မေလ ၂၉ ရက်နေ့ က၊ တိုကျိုမြို့အနီးဝန်းကျင်တွင် ဝန်ကြီး yati syoutarouနှင့်၊ တရုတ်-ဂျပန် စတုတ္ထအကြိမ်မြောက် အဆင့်မြင့်နိုင်ငံရေး စေ့စပ်ဆွေးနွေးပွဲကို အတူဦးစီးကျင်းပခဲ့ကြကြောင်း စီအာအိုင်သတင်းအရသိရသည်။

ယန်ကျယ်ချီက၊ လက်ရှိတရုတ်-ဂျပန်ဆက်ဆံမှုသည်၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှု ပုံမှန်ပြန်ဖြစ်လာခဲ့သည့် ၄၅ မြောက်နှစ်ကာလတွင်တည်ရှိပြီး၊ အခွင့်အလှမ်းသစ်နှင့် ရင်ဆိုင် နေရရုံသာမက၊ ထင်ရှားသော စိန်ခေါ်မှုများနှင့်လည်းကြုံတွေ့ရကြောင်း၊ နှစ်ဖက်တို့ အနေနှင့်၊ နိုင်ငံရေးစာတမ်း၎ရပ်နှင့် မူ ၄ ချက်၏ အတိုင်း၊ အတိတ်သမိုင်းကို သင်ခန်းစာ ယူပြီး၊ အနာဂါတ်ကို ရှေ့ရှုကာ၊ တရုတ်-ဂျပန်ဆက်ဆံမှုကောင်းမွန်စေရန် တွန်းအားပေးသင့် ကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။

   Webradio