• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် တစ်ပြည်လုံးရှိ အကောက်ခွန်ရုံးများ တပြေးညီ ဖြစ်စေရေး တရုတ် အကောင် အထည်ဖော်မည်

(GMT+08:00) 2017-05-29 15:39:05

မကြာခင်က တရုတ် နိုင်ငံတော် ကောင်စီ၏  သက်ဆိုင်ရာ အစည်းအဝေးတွင် တစ်ပြည်လုံးရှိ အကောက်ခွန်ရုံးများ၏ အဝင်အထွက် အစီအစဉ် တပြေးညီ ဖြစ်စေရေး လုပ်ငန်းကို ဇောက်ချ တွန်းအားပေးရန် စီစဉ်ပေးပြီး ပွင့်လင်းမှုနှင့် အဆင်ပြေမှု ပိုမိုများပြားသည့် ကုန်သွယ်မှု အခြေအနေကို ဖန်တီးပေးမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

တရုတ် အကောက်ခွန်ရုံးချုပ် ဒုဥက္ကဋ္ဌ ဇိုကြည့်ဝူက မကြာခင်က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးက ကျင်းပခဲ့သည့် မူဝါဒ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ယခုနှစ် အတွင်း နယ်စပ်စခန်း မှန်သမျှတွင် "တစ်နေရာတည်း၌ ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်း"နှင့် တစ်ပြည်လုံးရှိ အကောက်ခွန်ရုံးများ၏ အဝင်အထွက် အစီအစဉ် တပြေးညီ ဖြစ်စေရေးကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီများသည် အဝင်အထွက် အစီအစဉ် ဆောင်ရွက်မည့် နေရာနှင့် နယ်စပ်စခန်းကို ရွေးချယ်ပိုင်ခွင့်လည်း ရှိကြောင်း ထုတ်ဖော်ပြောကြားသည်။

   Webradio