• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်စစ်သင်္ဘော တောင်ပင်လယ် ဝင်ရောက်၊ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန တုံ့ပြန်ပြောဆို

(GMT+08:00) 2017-05-26 10:29:54

အမေရိကန် စစ်သင်္ဘော တစ်စင်း တရုတ်နိုင်ငံ နန်ရှားကျွန်းစု ပင်လယ်ပြင်သို့ ဝင်ရောက်ခြင်းကိစ္စနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရင့်ကိုချန်က၊ တရုတ်ပြည်ဘက် သင်္ဘောသည် အမေရိကန် သင်္ဘော၏ သက်ဆိုင်ရာ အချက်အလက်များကို စိစစ်ပြီး သတိပေး နှင်ထုတ်ခဲ့ကြောင်း၊ တရုတ် တပ်ဖွဲ့သည် အမေရိကန်၏ လုပ်ရပ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း ယခုလ ၂၅ ရက်နေ့က ပီကင်း၌ ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ရင့်ကိုချန်က၊ မေလ ၂၅ ရက်နေ့တွင် အမေရိကန်မှ ဒေဝေ ဒုံးကျည်ဖျက် သင်္ဘောသည် တရုတ်ပြည် နန်ရှားကျွန်းစု ပင်လယ်ပြင်သို့ ခုတ်မောင်း ဝင်ရောက်ခဲ့ကြောင်း၊ တရုတ် ရေတပ်မှ လျူကျို ဒုံးကျယ်ကာကွယ်ရေးသင်္ဘောနှင့် လူကျိုး ဒုံးကျည် ကာကွယ်ရေးသင်္ဘောများသည် အမေရိကန် စစ်သင်္ဘော၏ အချက်အလက်များကို စိစစ် အတည်ပြုပြီး သတိပေး နှင်ထုတ်ခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

ရင့်ကိုချန်က၊ အချိန်ပိုင်း တစ်ပိုင်းအတွင်း တရုတ်နှင့် အာဆီယံနိုင်ငံများ၏ လက်တွဲ ကြိုးပမ်းမှုဖြင့် တောင်ပင်လယ် အခြေအနေသည် တဖြည်းဖြည်း တည်ငြိမ် ကောင်းမွန် လာနေကြောင်း၊ သို့သော် အမေရိကန်၏ မှားယွင်းသော လုပ်ဆောင်ခြင်းသည် ကောင်းမွန်သော အခြေအနေကို ဖျက်ဆီးပြီး တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို အကျိုးရှိမည် မဟုတ်ကြောင်း ပြောကြားပါသည်။

   Webradio