• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယအကြိမ် ပင်လုံညီလာခံ ဖွင့်လှစ်

(GMT+08:00) 2017-05-25 10:04:39

မြန်မာ ပြည်တွင်း အမျိုးသား ရင်ကြားစေ့ရေးကို တွန်းအားပေးရန် ရည်ရွယ်ထားသည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို ယခုလ ၂၄ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က၊ ပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို မချုပ်ဆိုသေးသော ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တံခါးကို ဆက်လက် ဖွင့်ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်ပြည်၏ ညှိနှိုင်းကူညီမှုဖြင့် စာချုပ် မချုပ်ဆိုသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ သုံးဖွဲ့သည် ပထမဆုံးအကြိမ် အဖြစ် ဖိတ်ကြားချက်အရ ညီလာခံသို့ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က၊ ယခုအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် မိမိတို့သည် ပြည်ထောင်စု၏ အခြေခံမူများကို စေ့စပ်ဆွေးနွေးနိုင်ရန် အဆင့်ကာလသို့ ရောက်နေပြီ ဖြစ်ကြောင်း၊ ယင်မူများသည် မိမိတို့၏ နိုင်ငံနှင့် ပြည်သူများအတွက် လွန်စွာ အရေးကြီးကြောင်း၊ မိမိတို့သည် နိုင်ငံတော် သမိုင်း၏ အခန်းကဏ္ဍသစ်ကို အတူ ဖွင့်လှစ်ပြီ ဖြစ်ပြီး ပြည်သူများ၏ ရေရှည် စိတ်ဆန္ဒ အကောင်အထည်ဖေါ်ဆောင်ရန်အတွက် အကျိုးရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လူ ၁၄၀၀ ခန့်တို့သည် ယခုအကြိမ် ၅ ရက်ကြာ ကျင်းပမည့် ညီလာခံသို့ တက်ရောက် နေကြောင်း၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ အရပ်ဘက် အသင်းအဖွဲ့မှ ကိုယ်စားလှယ်များ အပြင်၊ ပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုပြီး ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် မြန်မာ အထက်ပိုင်းဒေသမှ စာချုပ် မချုပ်ဆိုသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့မှ ကိုယ်စားလှယ်များလည်း ညီလာခံသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio