• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယားသည် နှစ်နိုင်ငံ ဆက်ဆံမှုကြားထဲရှိဆူးကို ဖယ်ပေးရန် မျှော်လင့်ဟု ဝမ်ယိ ဆို

(GMT+08:00) 2017-05-23 12:44:24

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၂၂ ရက်နေ့က ကုပ်ဒီဗွားနိုင်ငံ၌ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေရှင်းရာတွင်၊ မကြာမီကပင် တောင်ကိုးရီးယား သမ္မတ အဖြစ် အရွေးခံခဲ့ရသော မူဂေအင်သည် အထူးသံတမန်ကို တရုတ်ပြည်သို့ စေလွှတ်ခြင်းသည် တရုတ်ပြည်ကို အလေးထားခြင်းနှင့် တရုတ်ပြည်နှင့် ဆက်ဆံမှု အမြန်ဆုံး ကောင်းမွန်လာစေရန် ဆန္ဒကို ပြသနေကြောင်း၊ တောင်ကိုးရီးယားသည် ယင်းအခွင့်ကောင်းကို ထိထိမိမိ အသုံးချပြီး နှစ်နိုင်ငံ ဆက်ဆံမှု ကြားထဲရှိ ယင်းဆူးကို အမြန်ဆုံး ဖယ်ပေးဖို့ လက်တွေ့ကျ ဆောင်ရွက်မှု ပြုလုပ်ရန် မိမိတို့ မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio