• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျီလင်ပြည်နယ် လိရှင်းရွာ ကြွက်နားရွက်မှိုနဲ့ ဆင်းရဲမှု ပပျောက်

(GMT+08:00) 2017-05-23 12:25:20

ဒေသန္တရ အားသာချက် ပါရှိသည့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးခြင်းဖြင့် ဆင်းရဲမှု ပပျောက်စေရန်မှာ တရုတ်ပြည် ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်း၏ အရေးကြီး အသွင်ပုံစံ တစ်ရပ် ဖြစ်သည်။ တရုတ်ပြည် အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် လိရှင်းရွာသည် သမားရိုးကျ လယ်ယာစိုက်ပျိုးရေးကို အားကိုးသည့် ဆင်းရဲသော ရွာ တစ်ရွာ ဖြစ်သည်။ သက်ဆိုင်ရာဌာနများသည် ရွာသူရွာသားများ၏ ဝင်ငွေ တိုးတက်စေရန်အတွက် ကြွက်နားရွက်မှို စိုက်ပျိုးခြံကို ငွေရင်းထုတ်ပေး ဆောက်လုပ်ပေးခဲ့သည်။

ရွာသူကြီး စွန့်ကြည့်မင်က၊ လက်ရှိအချိန်တွင် စိုက်ပျိုးခြံ စတုရန်း မီတာ ၁၀၀ လျှင် ဝင်ငွေ တစ်သောင်းမှ ငါးသောင်းအထိ ရှိနိုင်ကြောင်း၊ မိသားစုတိုင်း စတုရန်းမီတာ ၂၀၀ ခန့် ကြွက်နားရွက်မှိုကို စိုက်ပျိုးလျှင် ဝင်ငွေ ယွမ် နှစ်သောင်းထက် မနည်း ရရှိနိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဆင်းရဲသူများသည် ကြွက်နားရွက်မှို စိုက်ပျိုးခြင်းဖြင့် တဖြည်းဖြည်း ချမ်းသာနိုင်မှာ သေချာကြောင်း သတင်းထောက်ကို ပြောပြသည်။

၂၀၁၇ ခုနှစ်အတွင်း ကျီလင်ပြည်နယ်သည် အခြေခံ အဆောက်အဦ ဆောက်လုပ်ခြင်း၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးခြင်း၊ အလုပ်အကိုင်နေရာ တိုးချဲ့ခြင်းနှင့် လူမှု အာမခံစနစ် ပြည့်စုံကောင်းမွန်ခြင်းတို့ဖြင့် ဆင်းရဲသူ ၂ သိန်းခန့် ဆင်းရဲမှု ပပျောက်အောင် ဆောင်ရွက်ပေးမည်ဟု သတင်းရရှိပါသည်။

   Webradio