• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် တောင်ဝင်ရိုးစွန်းလုပ်ငန်းကို အားဖြည့်မည်

(GMT+08:00) 2017-05-23 10:33:36

တရုတ် နိုင်ငံတော် ပင်လယ်ရေးရာ ဦးစီးဌာနသည် ယခုလ ၂၂ ရက်နေ့က ပထမဆုံး အကြိမ် အဖြစ် တရုတ်ပြည်၏ တောင်ဝင်ရိုးစွန်း လုပ်ငန်း အစီရင်ခံစာကို ထုတ်ပြန် ခဲ့သည်။ ယင်းအစီရင်ခံစာတွင် အနာဂတ်တွင် တရုတ်နိုင်ငံသည် တောင်ဝင်ရိုးစွန်း လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုကို အားဖြည့်မည် ဖြစ်ကြောင်း၊ တောင်ဝင်ရိုးစွန်း ထိန်းသိမ်းကာကွယ်ရန်နှင့် အသုံးပြုရန် စွမ်းအားကို တိုးမြှင့်မည် ဖြစ်ပြီး နိုင်ငံတကာ မိသားစုကြီးနှင့် လူသား ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ကြမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားသည်။

ယင်းအစီရင်ခံစာတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တရုတ်နိုင်ငံ၏ တောင်ဝင်ရိုးစွန်း သိပံ္ပံပညာ သုတေသတပြုရေး လုပ်ငန်းအတွက် ငွေရင်းမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ ယွမ် ၃၁၀ သန်း ရှိပြီ ဖြစ်ပြီး ၁၉၈၅ ခုနှစ်မှ ၂၀၀၀ ပြည့်အထိ ငွေရင်းမြှုပ်နှံမှု ပမာဏ၏ ၁၈ ဆ ဖြစ်ကြောင်း၊ တောင်ဝင်ရိုးစွန်း သဘောတူစာချုပ်၏ ညှိနှိုင်းတိုင်ပင်ရေး နိုင်ငံ အနေနှင့် တရုတ်နိုင်ငံသည် တောင်ဝင်ရိုးစွန်းကို ငြိမ်းချမ်းစွာ အသုံးပြုရေး လမ်းကြောင်းကို ဦးလည်မသုန် စွဲကိုင်သွားမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

   Webradio