• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

RCEP ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-05-23 10:31:13

အာဆီယံ ဦးစီးပြုလုပ်သော ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှု သဘောတူစာချုပ် RCEP ဝန်ကြီးအဆင့် အစည်းအဝေးကို ယခုလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံ ဟနွိင်မြို့၌ ကျင်းပခဲ့ကြောင်း၊ အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားနှင့် နယူးဇီလန်မှ ကုန်သွယ်ရေး ဝန်ကြီးများ၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ တရုတ်ကုန်သွယ်ရေး ဝန်ကြီး ကျုံးရှမ်းသည် တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေး၌ RCEP စေ့စပ်ဆွေးနွေးပွဲပါ ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စည်းမျဉ်းစည်းကမ်း ကိစ္စရပ်များကို ဆွေးနွေးသည့်အပြင် အနာဂတ် စေ့စပ်ဆွေးနွေးရေးလုပ်ငန်းအတွက်လည်း လမ်းညွှန်ချက်များ တင်ပြထားကြောင်း သိရပါသည်။

ဝန်ကြီး ကျုံးရှမ်းက၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို တွန်းအားပေးရန်အတွက် တရုတ်ပြည်ဘက်သည် အဆိုပြုချက် သုံးရပ်ကို တင်ပြထားကြောင်း၊ ယင်းတို့မှာ တရုတ် နိုင်ငံသည် အာဆီယံ၏ ဦးစီးနေရာကို အားပေးထောက်ခံခြင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်များတွင် ထိုးဖေါက်မှုသဘော ပါသည့် တိုးတက်မှု ရရှိနိုင်ရန် ကြိုးပမ်းရမည် ဖြစ်ခြင်းနှင့် ဘက်အသီးသီးတို့၏ ထူးခြားချက်ဝိသေသ ပေါ်လွင်စေနိုင်သည့် အပြန်အလှန် အကျိုးရှိစေသည့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ် ရရှိဖို့ ကြိုးပမ်းရမည် ဖြစ်ခြင်းတို့ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio