• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကြိမ် ၇၀ မြောက် ကမ္ဘာ့ ကျန်းမာရေးညီလာခံ ဖွင့်လှစ်

(GMT+08:00) 2017-05-23 10:22:02

      အကြိမ် ၇၀ မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကို ယခုလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဂျီနီဗါမြို့၌ ဖွင့်လှစ်ခဲ့ရာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံနှင့် ဒေသ ၁၉၄ ခုမှ ကိုယ်စားလှယ် များသည်၊ ၁၀ ရက်ကြာ အစည်းအဝေးတွင် တကမ္ဘာလုံး လူထုကျန်းမာရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အဓိကဆွေးနွေးမည့်အပြင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ်အသစ်ကို ရွေးချယ်တင်မြှောက်သွားကြမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ကမ္ဘာ့ကျန်းမာရေးညီလာခံသည်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အမြင့်ဆုံးစီမံခန့်ခွဲရေးအဖွဲ့ အစည်းဖြစ်ပြီး၊ နှစ်စဉ် မေလ အတွင်း ဂျီနီဗါမြို့၌ အစည်းအဝေးကျင်းပလေ့ရှိကြောင်း သတင်းအရသိရသည်။

   Webradio