• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ်ပြဿနာဆိုင်ရာ တရုတ်နှင့် ရုရှားဆွေးနွေး

(GMT+08:00) 2017-05-23 10:20:53

      ယခုလ ၂၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးလက်ထောက် ခုန်ရွှန်ယို့နှင့် ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီး Morgulov တို့သည်၊ မော်စကိုမြို့တွင် စေ့စပ်ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး၊ ကိုးရီးယားကျွန်းဆွယ်ပြဿနာနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရသိရသည်။

နှစ်ဦးနှစ်ဖက်တို့သည်၊ ကိုးရီးယားကျွန်းဆွယ်အခြေအနေတင်းမာမှုအပေါ် အလွန် အာရုံစိုက်နေကြပြီး၊ ကိုးရီးယားကျွန်းဆွယ်နျူကလီးယားကင်းမဲဇုန်ဖြစ်စေရေးစွဲကိုင်ရန်၊ ကိုးရီးယားကျွန်းဆွယ်ငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဆွေးနွေးရေး နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းရန် ယူဆကြသည်ဟု သတင်းအရသိရသည်။

   Webradio