• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Terry Branstad အား တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ်အဖြစ် တာဝန် ခန့်အပ်ရန် ကန်အထက်လွှတ်တော်က အတည်ပြု

(GMT+08:00) 2017-05-23 10:01:35

အမေရိကန်အထက်လွှတ်တော်သည် မေလ ၂၂ရက်နေ့က ထောက်ခံမဲ ၈၂မဲ၊ ကန့်ကွက်မဲ ၁၃မဲဖြင့် အိုင်အိုဝါ(Iowa)ပြည်နယ်မှူး Terry Branstad အား တရုတ်နိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ်အဖြစ် တာဝန်ထမ်းဆောင်ရန် အတည်ပြုခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သြဇာညောင်းမှု အကြီးဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကျိုးစီးပွားအပြန်အလှန်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ထိုနေ့တွင်ပင် ၎င်း၏ ကြေညာချက်တစ်ရပ်တွင် ဖော်ပြပါသည်။

   Webradio