• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟိုနန်ပြည်နယ် ဟို့ကျွမ်းရွာ အင်တာနက် အားကိုးပြီး ဆင်းရဲမှု ပပျောက်

(GMT+08:00) 2017-05-22 14:14:01

တရုတ်ပြည် ဒေသအရပ်ရပ်၌ နွေဦးပွဲတော် အပါအဝင် ပွဲတော်များ နွှဲပျော်ရာတွင် ခြင်္သေ့အက၊ နဂါးအက၊ ယမ်ဂို အကနှင့် ဇာတ်သဘင်များကို တင်ဆက်ဖျော်ဖြေလေ့ရှိပြီး ယင်းကပွဲများတွင် ထူးခြားသော တူရိယာနှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်ပါသည်။ တရုတ်ပြည် အလယ်ပိုင်း ဟိုနန် ပြည်နယ် ဟို့ကျွမ်းရွာတွင် ယင်းတူရိယာနှင့် အသုံးအဆောင်ပစ္စည်းကို ထုတ်လုပ်ခဲ့သည်မှာ သမိုင်းသက်တမ်း တစ်ရာကျော် ရှိပြီ။

အရင်တုန်းက သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများ နောက်ကျပြီး ဟို့ကျွမ်းရွာသည် ပြင်ပ ကမ္ဘာနှင့် ဆက်သွယ်မှု ပြတ်တောက်သဖြင့် ပင်ပင်ပန်းပန်း ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းများ ရောင်းရန် ဈေးကွက် မရှိသဖြင့် ရွာသူရွာသားများရဲ့ ဝင်ငွေသည် တစ်နေ့ထက် တစ်နေ့ လျော့နည်းလာခဲ့ပါသည်။ ဟို့ကျွမ်းရွာသည် ဆင်းရဲသောရွာ တစ်ရွာ ဖြစ်လာ ခဲ့တယ်။

လွန်ခဲ့သည့်နှစ်များက အင်တာနက် ဖွံ့ဖြိုးလာသည်နှင့်အမျှ ဟို့ကျွမ်းရွာသည် အင်တာနက်ကို အားကိုးပြီး ပွဲတော် အသုံးအဆောင် ပစ္စည်းများကို  ဒေသ အရပ်ရပ်သို့ ရောင်းချနေသည်။ ရာသူ ရွာသား ၈၀ ရာခိုင်နှုန်းကျော်သည် တူရိယာနှင့် ပွဲတော် အသုံးအဆောင် ပစ္စည်းများကို အချောကိုင် ထုတ်လုပ်နေကြသည်။ အရောင်း လွန်စွာ သွက်သည်ဟုလည်း ကြားရသည်။ ဈေးကွက် တိုးချဲ့လာသည်နှင့် အမျှ ယခု အရှေ့တောင်အာရှ၊ ဥရောပ၊ အမေရိကန် စသည့်နိုင်ငံနှင့် ဒေသများကိုတောင် တင်ပို့ ရောင်းချ နေပါသည်။ ရွာသူရွာသားများသည် အင်တာနက်ကို အားကိုးပြီး ဆင်းရဲမှု ပျောက်ကာ တဖြည်းဖြည်း ချမ်းသာလာကြပါသည်။

   Webradio