• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ တပ်ဖွဲ့များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် စီစဉ်

(GMT+08:00) 2017-05-22 12:24:29

        ဖိလစ်ပိုင် စစ်ဘက်က ယခုလ ၂၁ ရက်နေ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့များသည် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့် အကြမ်းဖက်မှုကို တိုက်ဖျက်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

        ဖိလစ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့ အထွေထွေရေးရာရုံးမှ ဥက္ကဋ္ဌ အရေဗာလိုက အာဆီယံအဖွဲ့ဝင်နိုင်ငံမှ တပ်ဖွဲ့ခေါင်းဆောင်များသည် မကြာခင်ရက်များက ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ လူသားချင်း စာနာထောက်ထားမှု ကူညီထောက်ပံ့ရေးနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး စွမ်းရည်ကို တိုးမြှင့်မည်ဟု ကြေညာကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။

   Webradio