• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော် ကျန်းမာရေးနှင့် မိသားစုစီမံကိန်းကော်မတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

(GMT+08:00) 2017-05-22 09:37:33

အကြိမ် ၇၀ မြောက် ကမ္ဘာ့ကျန်းမာရေးအစည်းအဝေးကို ယခုလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဂျနီဗာမြို့၌ ကျင်းပမည်။ ဒေသစံတော်ချိန် ၂၁ ရက်နေ့ ညနေပိုင်းက တရုတ် အစိုးရ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ တရုတ် နိုင်ငံတော် ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ကော်မတီ ဥက္ကဋ္ဌ လီပင်သည် ဂျနီဗာမြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး၊ တရုတ် ကိုယ်စားလှယ်အဖွဲ့၏ အဓိက လှုပ်ရှားမှုအစီအစဉ်၊ တရုတ် အစိုးရ၏ ကျန်းမာရေးနှင့် ဆေးဝါးကုသရေး နယ်ပယ်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် လူးလူးဖလှယ်မှု အကြောင်းများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ထို့ပြင် ယခုနှစ် ကမ္ဘာ့ ကျန်းမာရေးအစည်းအဝေးနှင့် ပတ်သက်သော ထိုင်ဝမ် ပြဿနာကိုလည်း သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

လီပင်က၊ ထိုင်ဝမ်ဒေသသည် နိုင်ငံတကာ အဖွဲ့အစည်း၏ လှုပ်ရှားမှုတွင် ပါဝင်ရေး အကြောင်းကို တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူ အရ စီမံရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio