• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပြည်သူ့လုံခြုံရေး စံပြများနှင့် တွေ့ဆုံ

(GMT+08:00) 2017-05-20 09:31:00
တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာနများမှ စံပြ ဝန်ထမ်းများအား ချီးမြှင့်ပွဲကို ယခုလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ချီးမြှင့်ပွဲသို့ တက်ရောက်ပြီး စံပြ ကိုယ်စားလှယ်များနှင့် တွေ့ဆုံနှုတ်ဆက်ကာ အရေးကြီး မိန့်ခွန်းလည်း ပြောကြားခဲ့ကြောင်း၊ ရှီကျင့်ဖိန်က ပြည်သူ့လုံခြုံရေးဌာနသည် ပြည်သူများအတွက် ဝန်ဆောင်မှုပေးရေးကို အစဉ်တစိုက် စွဲကိုင်ရမည်ဟု မှာကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
   Webradio