• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဖိလစ်ပိုင် အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-05-20 08:52:44

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၉ ရက်နေ့ ညနေပိုင်းက ပီကင်း ကျုံးနန်ဟိုင်၌ ဖိလစ်ပိုင် အောက်လွှတ်တော် ဥက္ကဋ္ဌ အာလဗာရေဇ်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် လီခေ့ချန်က၊ တရုတ်-ဖိလစ်ပိုင် အိမ်နီးချင်းကောင်း ဆက်ဆံမှု တိုးတက်ရေးသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွါးနှင့် ကိုက်ညီ ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကျိုးရှိပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio