• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နင်ရှာ ပြည်နယ် မာရ်ကျွမ် မူလတန်းကျောင်း

(GMT+08:00) 2017-05-19 12:47:26

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည်နှစ် အတွင်း လက်ရှိ ဆင်းရဲသူ သန်း ၄၀ အားလုံး ဆင်းရဲမှု ပပျောက်စေရန် ရည်မှန်းချက် တင်ပြထားသည်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်း ဆောင်ရွက် ရာတွင် ပညာရေးကို ဦးစားပေးရသည်ဟု ပြောကြားခဲ့ဖူးသည်။

တရုတ်ပြည် နင်ရှာ့ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရှိ မာရ်ကျွမ်ရွာ မူလတန်းကျောင်းသည် ကျောင်းသူကျောင်းသာ ၃၄ ဦးသာ ရှိသည့် ကျောင်းကလေး တစ်ခု ဖြစ်သည်။ ယင်းမူလတန်းကျောင်းကို ၁၉၆၂ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခု အထိ သမိုင်းသက်တမ်း နှစ် ၅၀ ကျော် ကြာမြင့်ပြီ။

ကျောင်းအုပ်ကြီး ယန်ကျွင်စင်က၊ အစောဆုံး စာသင်ခန်းကို ရွှံ့မြေဖြင့် ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး အုတ်ပြားတောင် မရှိပါ။ ယခု ကျောင်းဆောင်များသည် ရစ်ခ်ျတာစကေး ၈ အဆင့် အင်အားပြင်း ငလျင်တောင် ခံနိုင်ပြီဟု သတင်းထောက်ကို ပြောပြသည်။

စာသင်ကျောင်းထဲတွင် ကွန်ပြူတာခန်း၊ တေးဂီတခန်း၊ ပန်းချီပန်းပု သင်ခန်း၊ စာဖတ်ခန်း စုံစုံလင်လင် ရှိသည့်အပြင် အားကစားကွင်းတွင် ရာဘာပြေးလမ်းတောင် ထပ်ဆင်ထားသည်ဟု သတင်းထောက်က တွေ့မြင်ပါသည်။

စာသင်ကျောင်းတွင် ကျောင်းသူကျောင်းသားများ၏ ကျောင်းသုံး စာအုပ်စရိတ်၊ တည်းခိုစရိတ်နှင့် စားဝတ်စရိတ် အစိတ်အပိုင်းကို ဒေစခံ အစိုးရက သက်ဆိုင်ရာ ပညာရေး မူဝါဒအရ ထောက်ပံ့ပေးသည်ဟု သတင်း ရရှိပါသည်။

   Webradio