• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင်တို့သည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပူးတွဲ တူးဖေါ်နိုင်ဟု တရုတ် ဆို

(GMT+08:00) 2017-05-19 10:26:27
မကြာမီက ဖိလစ်ပိုင် အစိုးရသည် တောင်ပင်လယ် သက်ဆိုင်ရာ ပင်လယ်ရပ်ဝန်း၌ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပူးတွဲ တူးဖေါ်ရန် မျှော်လင့်သည်ဟု အဆိုပြုချက် တင်ပြ ခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်က၊ ယင်းကိစ္စအပေါ် တရုတ်ပြည်၏ သဘောထားရပ်တည်ချက်သည် တလျှောက်လုံး ရှင်းလင်း ပြတ်သားပါကြောင်း၊ နောက်ဆုံး ပင်လယ်ရေးရာ ပြဿနာ ဖြေရှင်းရေး နည်းလမ်း မရရှိမီတွင် နှစ်နိုင်ငံတို့သည် ပူးတွဲ ဖေါ်ထုတ်ရေးများကို ပြုလုပ်ရန် မျှော်လင့်ကြောင်း၊ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် စွမ်းအင်နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရန်မှာ နှစ်ဖက်စလုံးအတွက် အကျိုးရှိမည် ဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့က ကွေ့ယန်မြို့၌ ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။
   Webradio