• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် နှစ်ပြည်၊ တရုတ်ပြည် တစ်ပြည် ထိုင်ဝမ် တစ်ခုနှင့် ထိုင်ဝမ် သီးခြား တည်ရှိရေး ကြံဆချက် မှန်သမျှ ရှုံးနိမ့်မှာ သေချာ

(GMT+08:00) 2017-05-19 10:04:29

တရုတ် နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ အန်ဖုန်ရှန်က၊ တရုတ်ပြည် နှစ်ပြည်၊ တရုတ်ပြည် တစ်ပြည် ထိုင်ဝမ် တစ်ခုနှင့် ထိုင်ဝမ် သီးခြား တည်ရှိရေးကို ပြုလုပ်ရန် ကြံဆချက် မှန်သမျှသည် ရှုံးနိမ့်မှာ သေချာကြောင်း ယခုလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုင်ဝမ်နှင့် ဂျပန် ကူးလူးဖလှယ်ရေး ပလက်ဖောင်း ဖြစ်သည့် အာရှ အရှေ့ပိုင်း ဒေသ ဆက်ဆံမှု အသင်းကို မေလ ၁၇ ရက်နေ့တွင် ထိုင်ဝမ်- ဂျပန် ဆက်ဆံမှု အသင်း အဖြစ် အမည် ပြောင်းခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် ၄င်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

   Webradio