• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် ယဉ်ကျေးမှုနှင့် အနုပညာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် မျှော်လင့်ဟု ထိုင်းဆို

(GMT+08:00) 2017-05-18 14:45:21

ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီးအဆင့် အရာရှိ ကရစ်စာယာပုံသည် ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိသော တရုတ် အမျိုးသား အနုပညာ ရန်ပုံငွေ ကောင်စီ ဥက္ကဋ္ဌ၊ တရုတ် ယဉ်ကျေးမှု ဝန်ကြီးဟောင်း ဆိုက်ဝူနှင့် မကြာခင်က တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ကရစ်စာယာပုံက ထိုင်းနိုင်ငံနှင့် တရုတ်ပြည်တို့သည် အနာဂတ်တွင် ယဉ်ကျေးမှုနှင့် အနုပညာ နယ်ပယ်၌ နှစ်နိုင်ငံအကြား ပိုမိုများပြားသည့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် မျှော်လင့်ကြကြောင်း ပြောကြားသည်။

 

   Webradio