• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာမွေးရာပါနှလုံးရောဂါကလေးများကူညီထောက်ပံ့ရေးလုပ်ငန်း

(GMT+08:00) 2017-05-18 13:37:47

ဒီကဆရာဝန်တော်တယ်။ဆရာဝန်ရဲ့စကားကို နားထောင်ပြီး ကျန်းမာရေးမြန်မြန် ပြန် ကောင်းလာမှာပါလို့ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နှလုံးရောဂါခွဲစိတ်ကုသမှုပြီးစီးတာ သိပ်မကြာသေးတဲ့ နှလုံးရောဂါဝေဒနာရှင်ဝင်းလှိုင်ဖြိုးကို အားပေးတယ်။

Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုထိပ်သီးဖိုရမ်ကို တက်ရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၆ရက်နေ့က ပီကင်းအန်ကျင်ဆေးရုံကို လာရောက်ပြီး ပန်ဒါရုပ်ကလေးကိုကိုင်ဆောင်ကာ ပထမသုတ်အဖြစ် တရုတ်နိုင်ငံကို လာပြီး အခမဲ့ခွဲစိတ်ကုသတဲ့ မြန်မာမွေးရာပါနှလုံးရောဂါခံစားနေရတဲ့ကလေးများကို အားပေးကြည့်ရှုခဲ့ပါတယ်။

တရုတ်ကုသိုလ်ပြုအသင်းချုပ်မှ ဦးစီးပြီး တရုတ်ကုသိုလ်ပြုအသင်းချုပ် သတင်းလောက ကုသိုလ်ပြုမှုတိုးမြှင့်ရေးအသင်းမှ လက်ခံဆောင်ရွက်တဲ့ မြန်မာမွေးရာပါနှလုံး ရောဂါကလေးကူညီထောက်ပံ့ရေးလုပ်ဆောင်ချက်ကို ယခုနှစ် မတ်လလကုန်မှ စတင်ခဲ့တယ်။ပီကင်းအန်ကျင်ဆေးရုံမှ ပညာရှင်အဖွဲ့က ရွေးချယ်ခြင်းဖြင့် မြန်မာကလေး ၅၄ ဦးဟာ အသုတ်ခွဲပြီး တရုတ်နိုင်ငံကို သွားရောက်ခွဲစိတ်ကုသမှာဖြစ်ပါတယ်။

ဝင်းလှိုင်ဖြိုးဟာ ဒီနှစ် အသက်၅ နှစ်ရှိပါတယ်။ သူနဲ့အတူတူ ပီကင်းကို လိုက်ပါလာတဲ့ အဖွားက ကလေးကို တရုတ်နိုင်ငံမှာ အခမဲ့ခွဲစိတ်ကုသခွင့်ရနိုင်တဲ့အတွက် တကယ်ကံကောင်းတယ်။တရုတ်ဆရာဝန်က ကလေးရဲ့ရောဂါကို သက်သာအောင် ကုသ ပေးတဲ့အတွက် သူတို့ကို ဘယ်လိုကျေးဇူးတင်မှန်းမသိကြောင်းပြောကြားခဲ့တယ်။

ဝင်းလှိုင်ဖြိုးက အရင်တုန်းက ဘာတွေလုပ်လုပ် အရမ်းပင်ပန်းတယ်လို့ခံစားရ တယ်။အခု ခွဲစိတ်ကုသမှုလုပ်ပြီးနောက် အများကြီးသက်သာလာပြီလို့ဆင်ဟွာသတင်း ထောက် ကို ပြောကြားတယ်။ကျွန်မက ပီကင်းကို ကြိုက်တယ်။ဒီကဆရာဝန်တွေက စိတ်သဘော ကောင်းတယ်။ ကျွန်မလည်း သူတို့ကို ကြိုက်တယ်လို့ ဝင်းလှိုင်ဖြိုးကပြောကြားတယ်။

ဝင်းလှိုင်ဖြိုးရဲ့အဓိကဆရာဝန်စူကျွင့်ဝူဟာ ပီကင်းအန်ကျင်ဆေးရုံ ကလေးနှလုံးရောဂါ ကုသရေးပညာရှင်ဖြစ်ပြီး ပြီးခဲ့တဲ့တစ်လကျော်တုန်းက မြန်မာနိုင်ငံရန်ကုန်မြို့ကို သွားရောက်ပြီး ကုသမယ့်ကလေးများအား ရွေးချယ်ခဲ့တယ်။သူက တချို့ကလေးရဲ့ရောဂါအခြေ အနေတော်တော်ပြင်းထန်တယ်။ တခြားနိုင်ငံက ဆေးဝါးကုသရေးအဖွဲ့ ၃၊၄ ခါစစ်ဆေးပြီးနောက် ခွဲစိတ်ကုသမှုရှုပ်ထွေးတဲ့အတွက် လက်လွှတ်လိုက်တယ်။ ကျွန်နော်တို့ပြည်တွင်းဆေးရုံက အချက်အလက်ကောင်းပြီး ဆရာဝန်တွေက အတွေ့အကြုံကြွယ်ဝကာ ကလေးတွေရဲ့ခွဲစိတ်မှုအပေါ် ယုံကြည်စိတ်ရှိတယ်လို့ပြောကြားတယ်။

တရုတ်ကုသိုလ်ပြုအသင်းချုပ်မှဥက္ကဋ္ဌလီပိန်ကုန်က ကလေးတွေအတွက် ခွဲစိတ်ကုသ ရေးဟာ အစပျိုးခြင်းတစ်ခုပဲဖြစ်တယ်။ နောင်မှာ တရုတ်ခေတ်မီနည်းပညာရှိတဲ့ဆေးရုံနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် နည်းပညာကူညီထောက်ပံ့မှုဆောင်ရွက်မှာဖြစ်ကာ ပညာရှင်အကြား ကူးလူးဖလှယ်မှုဖြင့် မြန်မာရောဂါသည်ကို ပိုမိုကောင်းမွန်အောင် ဝန်ဆောင်မှုပေး၍ နှစ်နိုင်ငံပေါက်ဖေါ်ချစ်ကြည်ရေးကို တိုးမြှင့်မယ်လို့ပြောကြားတယ်။

ခွဲစိတ်ကုသမှုလုပ်ပြီးတဲ့ ကလေးများရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာဘယ်လို ဖြေရှင်ရေးကိစ္စနဲ့ပတ်သက်ပြီး ဆရာဝန်ကြီးစူကျွင့်ဝူက ကျွန်နော်တို့က ဝီချက်ကနေတဆင့် မြန်မာဆရာဝန်နဲ့ ကုသရေးနည်းလမ်းကို နေ့တိုင်းတိုင်ပင်ဆွေးနွေးတယ်။ ကလေးတွေ မြန်မာနိုင်ငံကို ပြန်ပြီးနောက် ကျွန်တော်တို့လည်း သူတို့ရဲ့အခြေအနေကို အချိန်မီသိရှိနားလည်နိုင်တယ်။သူတို့ကို ညွှန်ကြားပေးနိုင်တယ်လို့ပြောကြားတယ်။

   Webradio