• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ် ဆိုင်ရာ နှစ်ဖက် တိုင်ပင်ဆွေးနွေးရေးစနစ် ပထမ အကြိမ် အစည်းအဝေး ကျင်းပမည်

(GMT+08:00) 2017-05-17 11:05:03

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်က၊ တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ်ရေးရာ နှစ်ဖက် တိုင်ပင်ဆွေးနွေးရေးစနစ် ပထမ အကြိမ် အစည်းအဝေးကို ယခုလ ၁၉ ရက်နေ့တွင် တရုတ်ပြည် ကွေ့ယန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်နှင့် တရုတ် နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးတို့သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် တောင်ပင်လယ် ဆိုင်ရာ ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးမည် ဖြစ်ကြောင်း ယခုလ ၁၆ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio