• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုထိပ်သီးဖိုရမ်သည် အောင်မြင်ပြီး အနှစ် သာရကျကာ လက်တွေ့ကျ၍ အောင်မြင်မှုများစွာရှိသောအစည်းအဝေးတစ်ခု ဖြစ်သည်ဟုဟွာ့ချွန်ယင် ဆို

(GMT+08:00) 2017-05-17 10:16:34

     တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဟွာ့ချွန်ယင်က ယခုလ ၁၅ ရက်နေ့က ပြီးစီးခဲ့သော Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုထိပ်သီးဖိုရမ်သည် အောင်မြင်ပြီး အနှစ်သာရကျကာ လက်တွေ့ကျ၍ အောင်မြင်မှုများစွာရှိသော အစည်းအဝေးတစ်ခုဖြစ်သည်ဟု ယမန်နေ့ ၁၆ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဆိုက်မှ သတင်းအရသိရသည်။

ဟွာ့ချွန်ယင်က ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အစည်းအဝေးသို့ တက်ရောက်ကြသော နိုင်ငံ ၂၉ နိုင်ငံမှ ခေါင်းဆောင်များနှင့် စားပွဲဝိုင်းထိပ်သီးအစည်းအဝေး၌ ပူးတွဲကြေညာချက်ကို တညီတညွတ်တည်းအတည်ပြုခဲ့ကြောင်း၊ ယင်းသည် ယခုအကြိမ်ထိပ်သီးဖိုရမ်မှ အရေးကြီးသော နိုင်ငံရေးအောင်မြင်မှုဖြစ်ကြောင်း ပြောကြားသည်။

   Webradio