• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဖိလစ်ပိုင်သမ္မတနှင့်တွေ့ဆုံ

(GMT+08:00) 2017-05-16 12:43:50

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယခုလ ၁၅ ရက်နေ့ညနေပိုင်းက Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်သို့ တက်ရောက်လာသော ဖိလစ်ပိုင်သမ္မတဒူတာတယ်နှင့် ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

လီခေ့ချန်က တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း နိုင်ငံဖြစ်ပြီး ဥက္ကဌရှီကျင့်ဖိန်နှင့် သမ္မတဒူတာတေးတို့သည်ကြိမ်ပေါင်းများစွာတွေ့ဆုံခဲ့ကြောင်းပြောကြားခဲ့သည်။

 ဒူတာတေးက ဖိလစ်ပိုင်-တရုတ်နှစ်နိုင်ငံသည် မှန်ကန်သောလမ်းကြောင်းအတိုင်း တိုးတက်နေကြောင်းပြောကြားသည်။

   Webradio