• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ကမ်းလှမ်းချက်သည် ဖိလစ်ပိုင်-တရုတ် စီးပွါးကုန်သွယ်မှုကို တိုးချဲ့မည်ဟု ဒူတာတေး ဆို

(GMT+08:00) 2017-05-12 10:21:25

ဖိလစ်ပိုင် သမ္မတ ဒူတာတေးသည် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ဖိုရမ် တက်ရောက်ရန် ပီကင်းသို့ ခရီးထွက်ခွါတော့မည်။ ယင်းမတိုင်မီက တရုတ် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒူတာတေးက၊ Belt and Road ကမ်းလှမ်းချက်သည် ဖိလစ်ပိုင် အစိုးရ တင်ပြသော အခြေခံ အဆောက်အဦ ဆောက်လုပ်ရေး အစီအစဉ်နှင့် ကိုက်ညီပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် အလားအလာ ကောင်းမွန်ပါကြောင်း၊ Belt and Road ကမ်းလှမ်းချက်သည် ဖိလစ်ပိုင်-တရုတ် စီးပွါးကုန်သွယ်မှုကို တိုးချဲ့မည် ဖြစ်ပြီး ဖိလစ်ပိုင် ပြည်သူပြည်သားများ အကျိုးစီးပွါး ခံစားစေနိုင်မည်ဟု မိမိ ယုံကြည်ပါကြောင်း ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဒူတာတေးက၊ ဖိလစ်ပိုင်က Belt and Road လုပ်ငန်းတွင် ပါဝင်ပြီးနောက် တရုတ်ပြည်နှင့် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်မည့်အပြင် အခြား ပါဝင်သူ နိုင်ငံများ၏ ဖွံ့ဖြိုးရေး အတွေ့အကြုံများကိုလည်း ကိုးကားနိုင်ရန်လည်း မျှော်လင့်ကြောင်း ပြောကြားပါသည်။

ဒူတာတေးက၊ မိမိတို့သည် ငြိမ်းချမ်းရေးနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးဖြင့် ဆောင်ကျဉ်းလာနိုင်သော အကျိုးစီးပွါးကို အလေးထားပြီး အပြန်အလှန် အကျိုးရှိစေရေး ဆက်ဆံမှုကို ဦးတည်ချက်အဖြစ် ထားပါက ဖိလစ်ပိုင်-တရုတ် ဆက်ဆံမှုသည် ကျေးနပ် အားရစွာ မှန်မှန် တိုးတက်သွားမည်ဟု မိမိ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio