• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ပြင်ဆင်ရေးများ အဆင်သင့်

(GMT+08:00) 2017-05-11 09:46:04

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ယခုလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပီကင်း၌ ကျင်းပမည်။ တရုတ် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဝမ်ရှော်ထော်က၊ ဖိုရမ်၏ အဆင့်မြင့် အစည်းအဝေးများဆိုင်ရာ ပြင်ဆင်ရေး လုပ်ငန်းများ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

၁၄ ရက်နေ့ နံနက်ပိုင်းတွင် ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးနောက် အဆင့်မြင့် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပမည် ဖြစ်ပြီး တရုတ် နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် ကျမ်းကောလိနှင့် နိုင်ငံအသီးသီးမှ ထိပ်သီးခေါင်းဆောင်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် ၁၀ ကျော်တို့သည် ယင်းအစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း သိရပါသည်။

မစ္စတာ ဝမ်ရှော်ထော်က၊ ပြည်တွင်းပြည်ပမှ ဧည့်သည်တော် ၁၅၀၀ ကျော်တို့သည် ဖိုရမ်၏ အဆင့်မြင့် အစည်းအဝေးများသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်းတို့အနက် နိုင်ငံ ၁၃၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၇၀ ကျော်မှ ဧည့်သည်တော် ၈၅၀ ကျော် ပါဝင်ကြောင်း၊ အစည်းအဝေးများတွင် အခြေခံ အဆောက်အဦ၊ ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံရေး၊ စီးပွါးကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းအင် သယံဇာတ၊ ငွေကြေး ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု ကူးလူးဖလှယ်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးနှင့် ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နယ်ပယ် ၈ ခုနှင့် ပတ်သက်ပြီး ဆွေးနွေးကြမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

   Webradio