• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယား သမ္မတသစ်သည် စိန်ခေါ်မှု သုံးရပ်နှင့် ရင်ဆိုင်နေ

(GMT+08:00) 2017-05-10 09:47:53

    တောင်ကိုးရီးယား ဗဟို ရွေးချယ်တင်မြှောက်ရေးကော်မတီမှ ယခုလ ၁၀ ရက်နေ့ လင်းအားကြီးအချိန်မှ ထုတ်ပြန်သော မဲရေတွက်မှု ရလဒ်အရ၊ မင်ဂျူ ပါတီမှ မူဂေအင်သည် ၁၉ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး သမ္မတသစ် အဖြစ် အရွေးခံခဲ့ရကြောင်း၊ မူဂေအင်သည် ၁၀ ရက်နေ့တွင် လွှတ်တော်၌ သမ္မတ ရာထူး ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

    တောင်ကိုးရီးယား မီဒီယာများနှင့် ကျွမ်းကျင်ပညာရှင်များက၊ မူဂေအင်သည် ပြည်သူပြည်သားများ၏ ယုံကြည်မှု ပြန်လည် ရရှိရန်၊ နိုင်ငံတော် လုံခြုံမှုဆိုင်ရာ သံတမန်ရေး ဆောင်ရွက်ရန်နှင့် စီးပွါးရေး ကောင်းမွန် တိုးတက်စေရန် အပါအဝင် စိန်ခေါ်မှု သုံးရပ်နှင့် ရင်ဆိုင်နေရကြောင်း၊ သမ္မတ ပတ်ဂွမ်ဟေး၏ လူယုံတော်က နိုင်ငံရေးတွင် ဝင်စွက်မှုကြောင့် တောင်ကိုးရီးယား ပြည်သူများသည် အစိုးရအပေါ် ယုံကြည်မှု လျော့ကျ လာခဲ့ကြောင်း၊ မူဂေအင်သည် ပြည်သူပြည်သားများက အစိုးရနှင့် အစိုးရ ခေါင်းဆောင် အပေါ် ယုံကြည်မှု ပြန်လည် တိုးလာအောင် ပထမဦးစွာ ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ကိုးရီးယားကျွန်းဆွယ် အခြေအနေသည် ဆက်တိုက် တင်းမာနေကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး မူဂေအင်သည် ဆွေးနွေးရေးနည်းလမ်းဖြင့် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားမဲ့ ဖြစ်စေရေးကို တွန်းအားပေးရန် တိုက်တွန်းခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် မူဂေအင်သည် ပြည်တွင်း ကုန်ဈေးနှုန်းနှင့် အလုပ်လက်မဲ့နှုန်းဆိုင်ရာ ဖိအားကြီး နှစ်ရပ်နှင့် လည်း ရင်ဆိုင်လျက် ရှိကြောင်း သုံးသပ်ထားကြပါသည်။

   Webradio