ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီး Ramon Lopezက ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဘက်ဆက်ဆံမှု သဘောတူစာချုပ် (RCEP) ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပပြီး ယခုနှစ် နှစ်ကုန်ပိုင်းအတွင်း အနှစ်သာရကျသော တိုးတက်မှု ရရှိနိုင်ဖို့အတွက် ကြိုးစားကြရန် ယခုလ ၈ ရက်နေ့က ပန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
ထိုနေ့တွင် မနီလာမြို့၌ ကျင်းပခဲ့သော ၁၈ကြိမ်မြောက် RCEP စေ့စပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ Ramon Lopezက RCEPကို စီမံရာတွင် စီးပွားရေးအုပ်စုအသီးသီးတို့၏ ဖွံ့ဖြိုးရေးအခြေအနေကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စေ့စပ်ဆွေးနွေးပွဲသည် မရှိမဖြစ်ရှိရမည်ပင်ဖြစ်ကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။