• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆဋ္ဌမအကြိမ် ဆီးရီးယားပြဿနာဆိုင်ရာ ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေလ ၁၆ ရက်နေ့တွင် ကျင်းပမည်

(GMT+08:00) 2017-05-09 10:19:46

        ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဆီးရီးယားပြဿနာဆိုင်ရာ အထူး သံတမန်ရုံးသည် ယခုလ ၈ ရက်နေ့က ဂျီနီဗာမြို့၌ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ကုလသမဂ္ဂ ဦးစီးကျင်းပသော ဆီးရီးယားပြဿနာဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယခုလ ၁၆ ရက်နေ့တွင် ဂျီနီဗာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        အထူးသံတမန်  Staffan de Mistura က လွန်းခဲ့သည့်သီတင်းပတ် အာ့စ်တာနာ၌ ရရှိခဲ့သော ဆီးရီးယား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဘက်စုံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ သို့ဖြင့် ကျင်းပတော့မည့် ဆီးရီးယားပြဿနာဆိုင်ရာ နိုင်ငံရေး စေ့စပ်ဆွေးနွေးပွဲအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း ထပ်လောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။

   Webradio