• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နေတိုးအဖွဲ့သည် ရုရှားနှင့် ဆွေးနွေးပွဲ ပြန်လည်ကျင်းပရန် ကြိုးစား

(GMT+08:00) 2017-05-08 12:09:32

        ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရို့ဗ်က နေတိုးအဖွဲ့သည် ရုရှားနိုင်ငံနှင့် ဆွေးနွေးပွဲ ပြန်လည်ကျင်းပရန်အတွက် ကြိုးစားနေကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံဘက်သည် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

        လာဗ်ရို့ဗ်က ရုရှား-အမေရိကန်ဆက်ဆံရေးသည် အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေးနှင့် လုံခြုံရေးအပေါ် ဂယက်ရိုက်ခတ်မှု ကြီးမားကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး အနှစ်သာရကျသော အောင်ကျိုးရလဒ်များ ရရှိနိုင်ရန် ဘက်အသီးသီးတို့ မျှော်လင့်နေကြောင်း ပြောကြားသည်။

   Webradio