• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှားသည် အကြမ်းဖက်မှုဆိုင်ရာ သင်္ကာမကင်းသူ တူရကီ နိုင်ငံသား ၃ ဦး ဖမ်းဆီး

(GMT+08:00) 2017-05-08 10:17:09

မလေးရှား ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး ဇာဟစ်ဒ်က၊ ရဲတို့သည် အစွန်းရောက် အိုင်အက်စ်အဖွဲ့အား ငွေရင်းထောက်ပံ့သည်ဟု သင်္ကာမကင်းသူ တူရကီ နိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ရဲတို့သည် ယင်း တူရကီ နိုင်ငံသား ၃ ဦးကို စုံစမ်းစစ်ဆေး နေကြောင်း၊  ယခုလ ၆ ရက်နေ့က အတည်ပြု ပြောကြားခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

မလေးရှား ရဲဘက်မှ အကြမ်းဖက်မှု တိုက်ဖျက်ရေးအရာရှိတစ်ဦးက၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် မတ်လ အထိ မလေးရှားသည် အိုင်အက်စ် အဖွဲ့မှ အကြမ်းဖက်သမား ၂၇၈ ဦးကို ချုပ်နှောင် စုံစမ်းစစ်ဆေးခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio