• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ဂျီးရီးယား၌ ဘိုကိုဟာရမ် အဖွဲ့မှ ပြန်ပေးဆွဲခံ မိန်းကလေး နောက်ထပ် ၈၂ ဦး လွတ်မြောက်

(GMT+08:00) 2017-05-07 08:28:02

နိုင်ဂျီးရီးယား နိုင်ငံ အရာရှိ တစ်ဦးက၊ အစွန်းရောက် ဘိုကိုဟာရမ် အဖွဲ့မှ ပြန်ပေးဆွဲ ခံရသော မိန်းကလေး နောက်ထပ် ၈၂ ဦးသည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့ညက အတည်ပြု ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

၎င်းက၊ ယင်းသည် နိုင်ဂျီးရီးယားအစိုးရနှင့် ဘိုကိုဟာရမ် အဖွဲ့တို့ စေ့စပ်ဆွေးနွေးပြီး ရရှိသော အကျိုးရလဒ် ဖြစ်ကြောင်း၊ နိုင်ဂျီးရီးယား အစိုးရသည် အခြား မိန့်ကလေးများ လွတ်ငြိမ်းချမ်းသာနိုင်ရန် ယုံကြည်စိတ် ရှိကြောင်း ပြောကြားသည်။

၂၀၁၄ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က ဘိုကိုဟာရမ် လက်နက်ကိုင်တို့သည် အလယ်တန်း ကျောင်းမှ ကျောင်းသူ ၂၇၆ ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း သိရပါသည်။

   Webradio