• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံထုတ် အကြီးစား ခရီးသည်တင် လေယာဉ် ပထမဆုံးအကြိမ် ပျံသန်းရန် စီစဉ်ထား

(GMT+08:00) 2017-05-05 15:38:09

တရုတ်ပြည် ကိုယ်ပိုင် ဒီဇိုင်းရေးဆွဲထုတ်လုပ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းမီ ပင်မလေကြောင်းလိုင်း ပျံသန်းနိုင်သည့် အကြီးစား ခရီးသည်တင် လေယာဉ် C919သည် ယခုလ ၅ရက်နေ့တွင် ပထမဆုံး အကြိမ် အဖြစ် ပျံသန်းရန် စီစဉ်ထားကြောင်း ဆင်ဟွာ  သတင်းအရ သိရသည်။

ခရီးသည်တင် လေယာဉ် C919၏ အထွေထွေ ဒီဇိုင်းဆရာ ဝူကွမ်းဟွေးက ၄င်းလေယာဉ်၏ အလုံးစုံ ဒီဇိုင်းရေးဆွဲခြင်းသည် လုံးဝ ကိုယ်ပိုင် ပညာမူပိုင်ခွင့် ရှိကြောင်း၊ အဓိက အချက် ၃ချက်ပါကြောင်း၊ ပထမအချက်က ဈေးကွက်မှ လိုအပ်မှုနှင့် အညီ ဒီဇိုင်းရေးဆွဲခြင်းကို စီစဉ်ပေးကြောင်း၊ ဒုတိယ အချက်ကတော့ လေယာဉ်၏ အစိတ်အပိုင်း ပစ္စည်းများ ထောက်ပံ့ရေးသည် ဒီဇိုင်းရေးဆွဲခြင်းနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊ တတိယ အချက်က လေယာဉ် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်မှု၏ system integrationကို တရုတ်ပြည် ချုပ်ကိုင်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

လေယာဉ် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခြင်းသည် အကြီးစား သိပ္ပံနည်းပညာ လုပ်ငန်း တပ်ရပ်ဖြစ်ကြောင်း၊ တရုတ်ပြည် COMAC ကော်ပိုးရေးရှင်းသည် C919 ဒီဇိုင်းရေးဆွဲ ထုတ်လုပ်မှုတွင် လေဖိအားဖြင့် ပါဝါပေးမှုနှင့် ထိန်းချုပ်မှု နည်းပညာ၊ ပစ္စည်းသစ်နှင့် ပြင်းထန်မှု ဆိုင်ရာ ဒီဇိုင်းရေးဆွဲခြင်း အပါအဝင် သော့ချက်ကျသော နည်းပညာ ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း သိရသည်။

ဝူကွမ်းဟွေးက တရုတ်ပြည်သည် ကမ္ဘာပေါ်က အကြီးဆုံး မြို့ပြလေကြောင်း ဈေးကွက် ဖြစ်၍ C919သည် ပြည်တွင်း လေကြောင်း သယ်ယူပို့ဆောင်ရေး လိုအပ်မှုကို အရင် ဖြည့်စွက်မည် ဖြစ်ပြီး ပြည်တွင်း ဈေးကွက်ကို မူတည်ကာ ကမ္ဘာဈေးကွက်ကို ရှေ့ရှုကြောင်းလည်း ပြောကြားသည်။

   Webradio