• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်ပြဿနာသည်၊ တရုတ်နှင့် ကန်အကြားပြဿနာမဟုတ်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောကြား

(GMT+08:00) 2017-05-04 14:52:16

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိန်ရွှန်က၊ တောင်ပင်လယ် ပြဿနာသည်၊တရုတ်နှင့် အမေရိကန်အကြားပြဿနာမဟုတ်ကြောင်း ၃ ရက်နေ့က ပီကင်းတွင် ကျင်းပသည့် ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillersonသည်၊ ၄ ရက်နေ့တွင် ဝါရှင်တန် မြို့တော်၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကျင်းပ မည်ဖြစ်ပြီး၊ တောင်ပင်လယ်ပြဿနာနှင့် စပ်လျဉ်း၍ ဆွေးနွေးဖွယ်ရာရှိကြောင်းသိရသည်၊ ယင်းနှင့် ပတ်သက်၍ ကိန်ရွှန်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ဟု သိရသည်။

   Webradio