• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ဒိန်းမတ်ဝန်ကြီးချုပ်တွေ့ဆုံ

(GMT+08:00) 2017-05-04 10:51:54

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် အလည်အပတ် ရောက်ရှိနေသော ဒိန်းမတ်ဝန်ကြီးချုပ် ရာစ်မူစန်နှင့် ယခုလ၃ရက်နေ့ညနေပိုင်းက ပီကင်းမြို့ပြည်သူ့ခန်းမဆောင်ကြီး၌ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း ဆဟွာသတင်းအရ သိရပါသည်။

ဝန်ကြီးချုပ်လီခေ့ချန်က တရုတ်ပြည်သည် တရုတ်-ဒိန်းမတ် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုထားရှိခဲ့သည့် ၁၀နှစ်ပြည့်အခါသမယတွင် နှစ်နိုင်ငံဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးလာအောင် တွန်းအားပေးလိုကြောင်းအပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းဆောင်ဆောင်ရွက်လိုကြောင်း ကူးလူးဖလှယ်မှုကို တိုးချဲ့ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

 ဆွေးနွေးပွဲအပြီးတွင် တရုတ်-ဒိန်းမတ်နှစ်နိုင်ငံအစိုးရသည် တရုတ်-ဒိန်းမတ် ပူးတွဲလုပ်ငန်းဆောင်ရွက်မူစီမံကိန်း၂၀၁၇-၂၀၂၀ကို ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio