• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်ပြည်သူများ ငြိမ်းချမ်းရေးဥပဒေကို ထိန်းသိမ်းကာကွယ်ရန် ပန်ကြား

(GMT+08:00) 2017-05-04 09:43:34

မေလ ၃ ရက်နေ့သည် ဂျပန် ငြိမ်းချမ်းရေး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျင့်သုံးသည့် နှစ် ၇၀ ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ယင်းနေ့၌ ဥပဒေကို ထိန်းသိမ်း ကာကွယ်ရန် အားပေးသူနှင့် ဥပဒေကို ပြင်ဆင်ရန် အားပေးသူတို့သည် ပေါင်းစည်းပွဲကို အသီးသီး ပြုလုပ်ခဲ့ကြသည်။ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည်လည်း ပထမဆုံးအကြိမ် အဖြစ် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အစိုးရ၏ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အဆိုပြုချက်ကို တင်ပြခဲ့တယ်။

ယခုလ ၃ ရက်နေ့တွင် လက်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်ရန် အားပေးသူ ၅၅၀၀၀ ခန့်သည် တိုကျိုမြို့၌ ပေါင်းစည်းပွဲ ကျင်းပပြီး၊ ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားရန်နှင့် ငြိမ်းချမ်းရေး ဥပဒေကို ထိန်းသိမ်းကာကွယ်ရန် ပန်ကြားခဲ့ကြပါသည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တိုကျိုမြို့၌ ကျင်းပနေသော ဥပဒေ ပြင်ဆင်ရန် အားပေးသူများ ပေါင်းစည်းပွဲသို့ ဗီဒီယိုဖရင်းကွင့်ဆီ ပေးပို့ပြီး ဥပဒေပြင်ဆင်ရန် အကြောင်းအရာနှင့် အချိန်ကို ရှင်းလင်းဖေါ်ပြထားပါသည်။ ၄င်းက၊ မိမိသည် ကာကွယ်ရေးတပ်ဖွဲ့ဆိုင်ရာ အကြောင်းအရာကို ဥပဒေထဲတွင် ထည့်သွင်းနိုင်ရန် မျှော်လင့်ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖေါက် နိုင်သည် ဟူသော အပြောအဆိုကို အဆုံးသတ်ရမည် ဖြစ်ကြောင်း၊ ဥပဒေသစ်ကို ၂၀၂၀ ပြည့်နှစ်တွင် အာဏာတည်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဂျပန် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် မူရာတာက၊ ဝန်ကြီးချုပ် သွေးထိုး လှုံ့ဆော်ပြီး ဝန်ကြီးချုပ်အတွက် လုပ်ဆောင်နေသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အစီအစဉ်ကို မိမိတို့ ပြတ်ပြတ်သားသား ကန့်ကွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ကာဇူအို ရှီအီကလည်း၊ ပြင်ဆင်ရန် လိုသည်မှာ ဥပဒေ မဟုတ်ဘဲ ဥပဒေကို အထင်သေးသော နိုင်ငံရေး စီမံအုပ်ချုပ်မှုပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio