• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဖိလစ်ပိုင် သမ္မတနှင့် တယ်လီဖုန်း ဆက်သွယ်

(GMT+08:00) 2017-05-04 09:36:15

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၃ ရက်နေ့တွင် ဖိလစ်ပိုင် သမ္မတ ဒူတာတေးနှင့် တယ်လီဖုန်း ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ လွန်ခဲ့သည့်နှစ်တွင် မိမိတို့သည် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု တိုးတက်ရေးဆိုင်ရာ အရေးကြီး သဘောတူညီမှု ရရှိပြီး နှစ်နိုင်ငံ ဆက်ဆံမှုသည် ဘက်စုံ တိုးတက် ကောင်းမွန်လာကြောင်း၊ မျက်မှောက်ကာလ၌ နှစ်ဖက်အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းလာပြီး နယ်ပယ် အသီးသီး၌ ပူးပေါင်း ဆောင်ရွက်မှုများကို ဘက်စုံ ပြုလုပ်နေကာ တောင်ပင်လယ်ဆိုင်ရာ ဆွေးနွေးရေး လမ်းကြောင်းကိုလည်း လုပ်ဆောင်ထားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ခေါင်းဆောင်နှစ်ဦးတို့သည် ကိုးရီးယားကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်ပြီးလည်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio