• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်စစ်သင်္ဘောတွင် ဒူတာတယ်လှည့်လည်ကြည့်ရှုခြင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောကြား

(GMT+08:00) 2017-05-03 13:56:39

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွန်က၊ တရုတ်ပြည် အနေနှင့်၊ တရုတ်ရေတပ် စစ်င်္ဘောတွင် ဖိလစ်ပိုင်သမ္မတ ဒူတာတယ် လှည့်လည် ကြည့်ရှုခြင်း အပေါ် ကြိုဆိုပါကြောင်း၊ ယင်းသည်၊ နှစ်နိုင်ငံတို့အကြားနိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တစ်နေ့တခြားတိုးပွားလာသည်ကို ပြဆိုနေကြောင်း ၂ ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့ သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြား ခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရသည်။

 မေလ ၁ ရက်နေ့က ဖိလစ်ပိုင်သမ္မတ ဒူတာတယ်သည်၊ ဖိလစ်ပိုင် ဒါဗေါက်မြို့၌ ချစ်ကြည်ရေးခရီးလှည့်လည်နေသည့် တရုတ်ရေတပ်မှချမ်ချွန်းသင်္ဘောတွင် လှည့်လည် ကြည့်ရှုခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio