• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရမ့် သမ္မတ တာဝန် ထမ်းဆောင်သည် ရက်၁၀၀ပြည့်

(GMT+08:00) 2017-04-28 14:59:34

      ဧပြီလ ၂၉ရက်နေ့တွင် ထရမ့် အနေနှင့် အမေရိကန် သမ္မတ တာဝန် ထမ်းဆောင် သည်မှာ ရက်၁၀၀ပြည့်ပြီ ဖြစ်ကြောင်း၊ ၄င်းရက်ပေါင်း ၁၀၀အတွင်း ထရမ့်၏ အာဏာ ကျင့်သုံးမှု အပေါ် လူတစ်ချို့က ချီးကျူးကြကြောင်း၊ နောက်တစ်ချို့ကတော့ မကျေမနပ် ဖြစ်၍ ဝေဖန်ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

သမ္မတ တာဝန် စတင် ထမ်းဆောင်သည့် ရက်ပေါင်း ၁၀၀အတွင်း သမ္မတ၏ လုပ်ကိုင်ဆောင်ရွက်ခြင်း အခြေအနေအရ ၄င်း၏ အာဏာ ကျင့်သုံးနိုင်စွမ်းကို ချိန်းဆတိုင်းတာရန် ၁၉၃၃ခုနှစ်က Franklin D.Roosevelt အမေရိကန် သမ္မတ တာဝန် ထမ်းဆောင်ခဲ့စဉ်က တင်ပြခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော်တွင် ဝင်ရောက်ခဲ့သည့် ရက်ပေါင်း ၁၀၀ကျော် အတွင်း ပြည်တွင်းရေးကို ကြည့်ခြင်းအားဖြင့် ထရမ့်အစိုးရသည် စွမ်းအင်၊ အလုပ်အကိုင်နေရာ ချထားရေး၊ ပြည်ဝင်မှု စီမံထိန်းချုပ်ရေးစသည့် နယ်ပယ်များတွင် စီမံခန့်ခွဲရေး အမိန့် ၃၀ခန့်ကို ထုန်ပြန်ခဲ့ သော်လည်း ဥပဒေပြုရေးနယ်ပယ်၌ အောင်မြင်မှု မရှိသလောက် ဖြစ်ကြောင်း၊ ကုန်သွယ်ရေးကို ကြည့်ခြင်းအားဖြင့် ထရမ့် အစိုးရသည် TPPမှ နှုတ်ထွက်ပြီး မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ်နှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးမည်ဟု ကြေညာကြောင်း၊ နိုင်ငံရေးကို ကြည့်ခြင်းအားဖြင့် ထရမ့်သည် နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဆီးရီးယားကို တိုက်ဖျက်ကာ မြောက်ကိုးရီးယား နိုင်ငံကို ချောက်ချားစေပြီး အာရှ အပေါ် အလေးထားခြင်းနှင့် နေတိုးအဖွဲ့နှင့် နွေးထွေးသော ဆက်ဆံမှုကို ထပ်လောင်းဖော်ပြခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ဘုရှ်အစိုးရ အချိန်က ကာကွယ်ရေး ဒုဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် Eric Edelmanက ထရမ့်သည် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် တွေ့ဆုံဆွေးနွေးကြောင်း၊ အစ္စရေးနှင့် ဆက်ဆံမှုကို ကောင်းမွန်အောင် ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း၊ နိုင်ငံခြားရေးတွင် ထရမ့်၏ လုပ်ကိုင် ဆောင်ရွက်မှုသည် ပိုမိုကောင်းမွန်ကြောင်း ပြောကြားသည်။

သို့သော် အမေရိကန် နိုင်ငံ The Brookings Institutionမှ အဆင့်မြင့် သုတေသီ Benjamin Wittesက နိုင်ငံခြားရေးတွင် ထရမ့် အစိုးရမှ အမျှော်အမြင်မရှိသည့် ဆောင်ရွက်မှုရှိပြီး ကိစ္စရပ်များကို အရောင်းအဝယ်ပြုမှု အဖြစ် လုပ်ခြင်းမှာ အန္တရာယ် ကြီးမားကြောင်း ဝေဖန်ပြောဆိုသည်။

   Webradio