• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားနှင့်ထိုင်းတို့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို ချုပ်ဆိုရန် စီစဉ်

(GMT+08:00) 2017-04-28 14:28:01

အကြမ်းဖက် ခြိမ်းခြောက်မှုများကို အတူတကွ ရင်ဆိုင်ရန်အတွက် ရုရှားနိုင်ငံသည် ထိုင်းနိုင်ငံနှင့်အတူ လုံခြုံရေးနယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆိုမည်ဟု၊ ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဖှိုမင်းက ဧပြီလ ၂၇ရက်နေ့တွင် ပြောကြားခဲ့ကြောင်း၊ တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ထိုနေ့က ဆဌမအကြိမ်မြောက် မော်စကို နိုင်ငံတကာ လုံခြုံရေးအစည်းအဝေး ကျင်းပစဉ်အတွင်း ဖှိုမင်းသည် ထိုင်းနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဝူဒွမ်ဒေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ၎င်းက ရုရှားနှင့်ထိုင်းတို့သည် စစ်ရေးနှင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တက်ကြွစွာ ပြုလုပ်နေပြီး လုံခြုံရေးနယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်နှင့် အစိုးရချင်း စစ်ရေး နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များကို ချုပ်ဆိုရန် စီစဉ်နေသည်ဟု ပြောကြားခဲ့ကြောင်း၊ သတင်းရရှိပါသည်။

   Webradio