• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ပထမဆုံးအကြိမ် အာကာသ၌ အောင်မြင်စွာ propellant ဖြည့်သွင်း

(GMT+08:00) 2017-04-28 09:51:46

   ယခုလ ၂၇ ရက်နေ့ ညနေ ၇ နာရီတွင် တရုတ်ပြည် ထျန်းကျိုး အမှတ်-၁ ကုန်တင် အာကာသယာဉ်နှင့် ထျန်းကုန်း အမှတ်-၂ အာကာသစမ်းသပ်ခန်း တို့တွင် ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာပတ် လမ်းကြောင်း၌ propellant ဖြည့်သွင်းခြင်းကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ရေးကော်မရှင်တို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အသီးသီး ပေးပို့ပြီး၊ ယင်းသဝဏ်လွှာများတွင် ထျန်းကျိုး အမှတ်-၂ အာကာသယာဉ် တာဝန် ချောမော အောင်မြစ်စွာ ထမ်းဆောင်ခဲ့ခြင်းသည် အာကာသစခန်း၌ ကုန်တင် ပို့ဆောင်ခြင်းနှင့် ကမ္ဘာပတ် လမ်းကြောင်းတွင် propellant ဖြည့်သွင်းခြင်းဆိုင်ရာ သော့ချက်ကျသည့် နည်းပညာများကို အကောင်အထည်ဖေါ်ဆောင်ပြီဟု ပြသသည့်အပြင် တရုတ်ပြည် လူပါ အာကာသ လုပ်ငန်း၏ ဒုတိယ အဆင့်ကာလ ပြီးမြောက်အောင်မြင်ပြီဟုလည်း ပြသနေကြောင်း ရေးသားဖေါ်ပြထားသည်။

ထျန်းကျိုး အမှတ်-၁ အာကာသယာဉ်သည် တရုတ်ပြည်၏ ပထမဦးဆုံး ကုန်တင် အာကာသယာဉ် ဖြစ်ပြီး ယခုလ ၂၀ ရက်နေ့က တရုတ်ပြည် ဝင်ချမ်း အာကာသ စခန်း၌ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာပတ်လမ်းကြောင်း၌ propellant ဖြည့်သွင်းခြင်းသည် အာကာသ ဓါတ်ဆီ ဖြည့်သွင်းခြင်းဟုလည်း ခေါ်ဝေါ်ကြပြီး အာကသစခန်း ဆောက်လုပ်ရေးဆိုင်ရာ သော့ချက် ကျသည့်နည်းပညာ တစ်ရပ် ဖြစ်ကြောင်း၊ ယင်းသည် တရုတ်ပြည်၏ အာကာသစခန်း ဖွဲ့စည်း တပ်ဆင် ဆောက်လုပ်ရေးနှင့် အနာဂတ် ရေရှည် ကုန်တင် ပို့ဆောင်ရေးအတွက် စွမ်းအင် ထောက်ပံ့ရေးဆိုင်ရာ အဟန့်အတားများကို ဖယ်ရှားပေးလိုက်ကြောင်း သတင်းရရှိပါသည်။

   Webradio