• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟိုင်နန်-အာဆီယံ နိုင်ငံများ အဆင်မြင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူး ဖလှယ်မှု နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပ

(GMT+08:00) 2017-04-27 14:41:39

      ၂၀၁၇ခုနှစ် ဟိုင်နန်-အာဆီယံ နိုင်ငံများ အဆင်မြင့် ပညာရေး ပူးပေါင်း ဆောင်ရွက် မှုနှင့်ကူးလူးဖလှယ်မှု နှီးနှောဖလှယ်ပွဲကို ယခုလ ၂၆ရက်နေ့က တရုတ်ပြည် ဟိုင်နန် ပြည်နယ် ဟိုင်ဟိုမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း တရုတ်-အာဆီယံ စင်တာ၏ ဝက်ဘဆိုက်မှ သတင်းရရှိသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်မှာ "နိုင်ငံတကာ ပူးပေါင်ေးဆာင်ရွက်မှု အားဖြည့်ပြုလုပ်ပြီး ပညာရေး အရည်အသွေး တိုးမြှင့်ရန်" ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲသည် တရုတ်-အာဆီယံစင်တာနှင့် အရှေ့တောင်အာရှ ပညာရေး ဝန်ကြီးများ အဖွဲ့မှ အဆင့်မြင့် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဒေသတွင်း စင်တာ အဖွဲ့၏ စတုတ္ထအကြိမ်မြောက် အာဆီယံ နိုင်ငံများမှ တက္ကသိုလ် ကိုယ်စားလှယ်များ တရုတ်ပြည် ခရီးလှည့်လည်ခြင်း ဟိုင်နန် ခရီးစဉ်တွင် လှုပ်ရှားမှု တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ဟိုင်နန်နှင့် အာဆီယံ နိုင်ငံများမှ တက္ကသိုလ်ကျောင်းများ အကြား အပူပိုင်းဒေသ လယ်ယာစိုက်ပျိုးရေး၊ ခရီးလှည့်လည်ရေး ဧည့်ခံခြင်း၊ အပူပိုင်းဒေသ ဆေးပညာနှင့် အဏ္ဏဝါ သိပ္ပံပညာ စသည့် နယ်ပယ်များမှ သုတေသနပြုရေး ဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ဖြစ်ကြောင်းသိရသည်။

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် အပါအဝင် အာဆီယံ နိုင်ငံများမှ ပညာရေး လုပ်ငန်းဌာနနှင့် တက္ကသိုလ်ကျောင်းမှ ကိုယ်စားလှယ်များ၊ ဟိုင်နန်ပြည်နယ် တက္ကသိုလ်ကျောင်း ၁၉ကျောင်းမှ ကိုယ်စားလှယ် စုစုပေါင်း ၈၀ကျော် ယခုအကြိမ် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

   Webradio