• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေး စင်္ကြန် ပူးတွဲ သုတေသနလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-04-27 12:02:02

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေး စင်္ကြန် ပူးတွဲ သုတေသန လုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေးကို ဧပြီလ ၂၅ရက်နေ့မှ ၂၆ရက်နေ့အထိ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ကျင်းပခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ နိုင်ငံမှ ကိုယ်စားလှယ်တို့သည် အဆိုပါလေးနိုင်ငံ ပူးတွဲရေးဆွဲကြသော သုတေသန အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းပူးတွဲသုတေသန အစီရင်ခံစာကို ရေးဆွဲပြီးနောက် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာအစိုးရတို့သည် မူဘောင်အစီအစဉ်နှင့်ပတ်သက်သော တိုင်ပင်ဆွေးနွေးရေး လုပ်ငန်းကို စတင် ဆောင်ရွက်မည်ဟု အဆိုပါလေးနိုင်ငံတို့က သဘောတူကြပါသည်။ ၂၀၁၈ခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ပူးတွဲ သုတေသနလုပ်ငန်းအဖွဲ့ စတုတ္ထအကြိမ် အစည်းအဝေးကို ကျင်းပမည် ဖြစ်ကြောင်း၊ ဆုံးဖြတ်ခဲ့ပါသည်။

   Webradio