• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖဂန် အိုင်အက်စ်အဖွဲ့ခွဲနှင့် တာလီဘန်တို့ အပြန်အလှန်တိုက်ခိုက်ခြင်းကြောင့် လူ ၉၀ ကျော် သေဆုံး

(GMT+08:00) 2017-04-27 11:06:19

      အာဖဂန်နိုင်ငံရှိ အိုင်အက်စ် အစွန်းရောက်လက်နက်ကိုင်အဖွဲ့ခွဲသည်၊ မကြာမီက မြောက်ပိုင်း Jowzjan ပြည်နယ်တွင်၊ ဒေသခံတာလီဘန်လက်နက်ကိုင်အဖွဲ့နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သောကြောင့်၊ လူ ၉၁ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဖဂန် ဒေသန္တ အစိုးရ အရာရှိတစ်ဦးက ယခုလ ၂၆ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

Jowzjan ပြည်နယ် အစိုးရမှ ပြောရေးဆိုခွင့်ရှိသူက၊ တာလီဘန်ဘက်မှ လူ ၇၆ ဦး သေဆုံးပြီး၊ ၅၆ ဦးဒဏ်ရာရရှိသကဲ့သို့၊ အိုင်အက်စ်ဘက်မှ လူ ၁၅ ဦးသေဆုံးပြီး၊ ၁၂ ဦး ဒဏ် ရာရရှိခဲ့ကြောင်း မီဒီယာများအား ထုတ်ဖော်ပြောကြားခဲ့သည်။

   Webradio