• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားသမ္မတပူကင်သည် လိကျန့်စူးနှင့်တွေ့ဆုံ

(GMT+08:00) 2017-04-27 11:05:46

ရုရှားနိုင်ငံသမ္မတ ပူတင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုအတွင်းရေးမှူးရုံးမှအတွင်းရေးမှူး၊ ဗဟိုကော်မတီရုံးဥက္ကဌ လိကျန့်စူးနှင့် ယခုလ ၂၆ ရက်နေ့က မော်စကိုမြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

သမ္မတပူကင်သည် လိကျန့်စူးမှတဆင့် ဥက္ကဌရှီကျင့်ဖိန်အား နှုတ်ဆက်ခြင်းနှင့် ဆုမွန်ကောင်းတောင်းခြင်းကို ဖော်ပြခဲ့ကြောင်း၊ ယခုနှစ်များတွင် ရုရှား-တရုတ် အဆင့်မြင့်ကူးလူးဆက်ဆံမှုရင်းနှီးပြီး နယ်ပယ်အသီးသီး၌ ကူးလူးဖလှယ်မှု တည်ငြိမ်စွာတိုးတက်နေကြောင်း၊ စီးပွါးကုန်သွယ်ရေး၊ လူမှုရေးပူးပေါင်းဆောင်ရွက်မှုတစ်နေ့တစ်ခြားနက်ရှိုင်းလာနေကြောင်းပြောကြားခဲ့ပါသည်။

လိကျန့်စူးသည် ဥက္ကဌရှီကျင့်ဖိန်၏နှုတ်ဆက်ခြင်းနှင့်ဆုမွန်ကောင်းတောင်းခြင်းကို ဖော်ပြပြီး တရုတ်-ရုရှားဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုသည် အကောင်းဆုံးသောအချိန်ကာလပိုင်းတွင် တည်ရှိနေကြောင်းပြောကြားခဲ့ပါသည်။

   Webradio