• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်နှင့် သြစတြေးလျသည် TPP ကို တွန်းအားပေးနေ

(GMT+08:00) 2017-04-27 10:35:37

ဂျပန် ဂျိုတို သတင်းဌာနမှ သတင်းအရ၊ ဂျပန် ဒုဝန်ကြီးချုပ်၊ ဘဏ္ဍာရေး ဝန်ကြီး အာစိုတာရိုသည် မကြာမီက နယူးယောက်မြို့၌ ဟောပြောရာ၌ ယခုနှစ် မေလတွင် အမေရိကန်က လွဲလို့ အခြား ၁၁ နိုင်ငံ မူဘောင်အတွင်း TPP ကို တွန်းအားပေးရေး ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း၊ ၄င်းသည် အမေရိကန်က TPP ခေါ် ပစိဖိတ် ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်မှ ထွက်ခွါခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာ၏ ဆောင်းပါးတွင် ရေးသားထားသည်။

အမေရိကန်က TPP မှ ထွက်ခွါခြင်း အစီအစဉ် တရားဝင် ဖေါ်ဆောင် ခဲ့ပြီးနောက် ဂျပန်သည် ကျန် ၁၁ နိုင်ငံ မူဘောင်အတွင်း ယင်းသဘောတူစာချုပ်ကို အာဏာတည်စေရန် စတင် ကြံစည်ခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး ဂျပန်သည် သြစတြေးလျနှင့် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်နေကြောင်း၊ နှစ်ဖက်တို့သည် ဟနွိင်အစည်းအဝေး အပါအဝင် အခွင့်အလမ်းများကို အသုံးပြုပြီး TPP ကို တွန်းအားပေးမည်ဟု သဘောတူကြပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ ဂျပန်နှင့် သြစတြေးလျတို့၏ TPP ကို တွန်းအားပေးရန် ဆန္ဒ ပြင်းပြသော်လည်း ကျန် ၁၁နိုင်ငံတို့၏ TPP ဆိုင်ရာ ရှေ့အလားအလာ မရေမရာ ဖြစ်နေသေးကြောင်း သုံးသပ်ကြပါသည်။

   Webradio