• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယအကြိမ် "အွန်လိုင်းကုန်သွယ်မှု သီတင်းပတ်" ဂျီနီဗာတွင် ကျင်းပနေ

(GMT+08:00) 2017-04-26 15:11:43

ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး ကွန်ဖရင့်၏ စည်းရုံးခြင်းဖြင့် တတိယအ ကြိမ်"အွန်လိုင်းကုန်သွယ်မှု သီတင်းပတ်"လှုပ်ရှားမှုကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပနေကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုလ ၂၅ရက်နေ့ညနေပိုင်းက ယခုအကြိမ် လှုပ်ရှားမှုတွင် ကျင်းပခဲ့သော အဆင့်မြင့် နှီးနှောဖလှယ်ပွဲ အပေါ် တက်ရောက်သူများသည် အာရုံစိုက်ကြကြောင်း၊ နယ်ပယ် အသီးသီးက အရှိန်အဝါကြီးသူ ၅ဦးသည် အွန်လိုင်းကုန်သွယ်မှုနှင့် ပတ်သက်သော ခေါင်းစဉ်များ အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

၎င်းအရှိန်အဝါကြီးသူ ၅ဦးတွင် "အွန်လိုင်းကုန်သွယ်မှု သီတင်းပတ်"လှုပ်ရှားမှု၏ အိမ်ရှင်၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး ကွန်ဖရင့် အတွင်းရေးမှူးချုပ် Mukhisa Kituyi၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် Roberto Azevedo၊ နိုင်ငံတကာ ကြေးနန်း ဆက်သွယ်ရေး အဖွဲ့ အတွင်းရေးမှူးချုပ် ကျောက်ဟိုလင်၊ နိုင်ငံတကာ စားသုံးသူများ အသင်း ဒါရိုက်တာချုပ် Amanda Longနှင့် Alibaba ကော်ပိုရေးရှင်းအုပ်စု စတင်တည်ထောင်သူ Jack Ma ပါဝင်ကြောင်း သိရသည်။

ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး ကွန်ဖရင့်သည် အတွင်းရေး မှူးချုပ် Kituyiသည် ကုသလမဂ္ဂမှ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ တာဝန်ခံသူ ဖြစ်ကြောင်း၊ ယခုအကြိမ်"အွန်လိုင်းကုန်သွယ်မှု သီတင်းပတ်"လှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ "သက်ညှာထောက်ထားမှု ရှိသော အွန်လိုင်းကုန်သွယ်မှုကို ရှေ့ရှုရေး" ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ နည်းပညာသစ်နှင့် ကုန်သွယ်မှု ပုံစံသစ်မှ ကမ္ဘာပေါ်က လူတိုင်းမှ အကျိုးရရှိစေရန် ဖြစ်ကြောင်း သိရသည်။

   Webradio