• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျူယန်တုန်းသည်၊ တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-04-26 11:07:12

       ယခုလ ၂၅ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် လျူယန်တုန်းသည်၊ ပရီတိုးရီးယားမြို့တော်၌ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး Mashabane နှင့်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်သတင်းအရသိရသည်။

လျူယန်တုန်းက ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် သမ္မတ ဇူမာတို့၏ အလေးဂရုပြုမှုနှင့် အတူတကွ ကြိုးပမ်းမှုအရ၊ တရုတ်-တောင်အာဖရိကဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုသည်၊ အရှိန်အဟုန်ကောင်းစွာဖြင့် တိုးတက်လာနေကြောင်း ပြောကြားခဲ့သည်။

Mashabane က၊ တောင်အာဖရိကအနေနှင့်၊ တရုတ်နှင့်အတူ လက်တွဲကြိုးပမ်းပြီး၊ တရုတ်- အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အောင်မြင်မှုရလဒ်များကို လက်တွေ့ကျကျ ဖော်ဆောင်ကာ၊ နှစ်နိုင်ငံဆက်ဆံမှုအဆက်မပြတ်ဖွံ့ဖြိုးရေးတွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

   Webradio