• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာအို ပထမဆုံး နိုင်ငံတော် အစားအစာအန္တရာယ်ကင်းရှင်းရေးစမ်းသပ်ခန်း တည်ထောင်

(GMT+08:00) 2017-04-26 11:03:59

လာအိုနိုင်ငံ ပထမဆုံး နိုင်ငံတော် အစားအစာအန္တရာယ်ကင်းရှင်းရေးစမ်းသပ်ခန်းကို ယခုလ ၂၄ ရက်နေ့က ဗီယင်ကျန်းမြို့တော်တွင် တည်ထောင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအစားအစာ၏ အရည်အသွေးနှင့်အန္တရာယ်ကင်းရှင်းမှုကို ကြီးကြပ်စစ်ဆေးမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးစီဟာဗွန်က ဖွင့်ပွဲအခမ်းအနားတွင် ယင်းစမ်းသပ်ခန်းသည် လာအိုနိုင်ငံအစားအစာ အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနယ်ပယ်၌ အရေးကြီးသော အကျိုးသက်ရောက်မှု ရှိမည်ဟု ပြောကြားခဲ့ကြောင်း လာအိုဗီယင်ကျန်းတိုင်းမ်စ်မှ သတင်းအရ သိရပါသည်။

   Webradio